Thursday, June 19, 2025

 


'' ဘ၀ မိုး လေ ၀ သ များ "

မင်းထက်ညိမ်း

 

ချိုးခေါက် ထား တဲ့ စက္ကူစွန်လေး

ဘ၀ထဲ

တွန့်ခေါက်စွာ ၀ဲပျံလို့

လေဟုန်စီးပြီး ထိုးစိုက်သွားတဲ့ ပန်းတိုင်မှာ

ပျော်ရွှင်ခြင်း ရှိမရှိ

မ ရေ ရာ

စောဒက တက်နေတဲ့ မနက်ဖြန်များ...

လှေကားရင်း က ခြေရာများ...

ခရီးဆုံးထိ

လျှောက်လျှက် ရောက်မရောက်

မ သေ ချာ

ခေါင်း လား...

ပန်း လား...

လေ လား..

မိုး လား...

ခုထိ

ငါတို့

ခန့်မှန်းလို့ မရတာ

ဘ၀ မိုး လေ ၀ သ များ.....။ ။

မင်းထက်ညိမ်း

" ရေငုံနှုတ်ပိတ်"

                        မင်းထက်ညိမ်း




ရေငုံနှုတ်ပိတ် 

            မပြောဖြစ်တဲ့ စကားများ

အသံတွေ ပိုမြည်ခဲ့

တစ်ကိုယ်ရည် တိတ်ဆိတ်

ထွက်ပေါက်မဲ့ တံခါးများ

လုံခြုံစွာ  လှောင်ရယ်ခဲ့


ကြင်နာတဲ့စိတ်

တိတ်တဆိတ်နဲ့ အလွမ်းများ

နာကျင်စွာ ခိုဝင်လှဲ့


o မနက်ဖြန်များဆီ တရွေ့ရွေ့

o ငှက်တစ်ကောင်လို ငါ ပျံသန်းမယ်

o ပန်းတိုင်ဆီ တရွေ့ရွေ့

o ခရီတစ်ခု လို ငါ ဖြတ်သန်းမယ်

Friday, April 3, 2020

"မ ရေ မ ရာ များ ...."


"မ ရေ မ ရာ များ ...."

မင်းထက်ညိမ်း

ခေတ်က

လိုက် ဖမ်း လို့

မ မိ တဲ့ ခေတ်

ဥ ပ မာ

လက် ခုပ်ထဲ က ရေလို ပေါ့ ။

အကောင်အထည်မရှိ

လက်ဆုပ်လက်ကိုင်

ငယ်ငယ်တုန်းက သဒ္ဒါထဲက ' နာမ် ' လိုပေါ့။

ကွယ်နေတဲ့ မြင်ကွင်း

ဝှက် ထားတဲ့ အိပ်မက်

မ ရေ မ ရာ များ

ကလိမ်စေ့ငြမ်းစင်

တိုင်ပတ်နေတဲ့

ငါတို့ မနက်ဖြန်များ........။ ။

                                          မင်းထက်ညိမ်း



"ဝူဟန်တစ္ဆေ နွေဦးအိပ်မက်"

"ဝူဟန် တစ္ဆေ နွေဦးအိပ်မက်"

ညနေခင်း ခဏ ပိတ်
မနက်ဖြန်များ ခဏ ပိတ်
အားလပ်ချိန်များ ခဏ ပိတ်
လူခြေတိတ်နေတဲ့ လမ်းပေါ်
အပျော်များ လည်း
အခြေ အနေအရ
အိမ်တွင်းပုန်းလို့
ရောက် မလာသေးတဲ့ ပိတောက်နဲ့အတူ
ကြိုမောနေရတဲ့
နွေဦးအိပ်မက် တစ္ဆေ..........!!

                                မင်းထက်ညိမ်း

Photo Credit

" 2020 VACatiOn..."

" 2020 VACatiOn..."
                            မင်းထက်ညိမ်း
အပန်းဖြေရက်များ
အပန်း မ ပြေ နိုင်
ကြယ်သီးစေ့ထား တဲ့ ခြံစည်းရိုးများ
လူခြေတိတ် နေ့ည လမ်းမများ
စိတ်အမော အတွက်
ကဗျာ တစ်ပုဒ် ဖတ်....
ကျန်းမာရေး အတွက်
အိမ် တွင်း ပုန်း
လက် ကို မကြာခဏ ဆေး.....
အသက် ပြင်း ပြင်း ရှူ
ဝင် လေ သိ
ထွက် လေ သိ
ပို သတိမူမိ တဲ့ နေ့ရက်များ...
အ ရာ ရာ
နေ ကောင်း တဲ့ မနက်ဖြန်များကို
မျှော် လင့် လျက်.....။ ။

Saturday, June 8, 2019







" အသစ်တစ်ခု "
မင်းထက်ညိမ်း

မိုးပျံပူဖောင်းလို
ပြန်မလာတော့ဘူး တဲ့
"တကယ်"
"အပြီး "
ပေါက်ကွဲသွားတာ
တစ် စ စီ
ငါတို့ ရဲ့ မျော်လင့်ခြင်းများ
ဒါမှမဟုတ်
မနက်ဖြန်များ........။ ။


Wednesday, June 5, 2019

"မ ရေ မ ရာ များ ...."

                                    မင်းထက်ညိမ်း
ခေတ်က
လိုက် ဖမ်း လို့ 
မ မိ တဲ့ ခေတ်
ဥ ပ မာ
လက် ခုပ်ထဲ က ရေလို ပေါ့ ။
အကောင်အထည်မရှိ
လက်ဆုပ်လက်ကိုင်
ကွယ်နေတဲ့ မြင်ကွင်း
ဝှက် ထားတဲ့ အိပ်မက်
မ ရေ မ ရာ များ
ကလိမ်စေ့ငြမ်းစင်
တိုင်ပတ်နေတဲ့
ငါတို့  မနက်ဖြန်များ........။ ။

မင်းထက်ညိမ်း